ပုသိမ် မေ ၁၉

 

အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တက်ရောက်အမှာစကားပြော0ကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် ပုသိမ်စက်မှုစီမံကိန်းတွင် Satori Grande ကုမ္ပဏီလီမိတက်က လုပ်ငန်းသုံး ယာဉ်အမျိုးမျိုးတပ်ဆင်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း၊ အချိုမှုန့်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်း၊ Fortune Empire Holdings ကုမ္ပဏီလီမိတက်က အင်ဂျင်ဝိုင်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်သည်။

 

ရှင်းလင်းတင်ပြ

 

အခမ်းအနားတွင် ကုမ္ပဏီတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းအလိုက် ထုတ်လုပ်ရောင်းချမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆိုင်ရာများကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)