ပုသိမ်မြို့၌ အရက်ကြောင် ကြောင်ပြီး ဓမ္မာရုံကို မီးရှို့သူအား အရေးယူထား

နေပြည်တော် ၁၈ မတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ မတ် ၁၇ ရက် ည ၁၀ နာရီ ၅၅ မိနစ်က အဆိုပါရပ်ကွက်နေ ကျော်ဝင်းဘို (၂၁)နှစ်သည် အရက်ကြောင်ပြီး ဓမ္မာရုံအား မီးရှို့ခဲ့ရာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၀ မိနစ်ခန့်အကြာတွင်  မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေခန့် ဓနိမိုး၊ ထရံကာ၊ အင်္ဂတေခင်း ဓမ္မာရုံ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ကျော်ဝင်းဘိုအား ပုသိမ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား