ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပုသိမ် ၃၀ ဇူလိုင်  


ပုသိမ်တက္ကသိုလ် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တက္ကသိုလ် မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲတွင် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူး က အဖွင့်အမှာစကား ပြောကြားပြီး  ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှပြန်လည် ထွက်ခွာခဲ့သည်။ 


အဆိုပါ ပြိုင်ပွဲသို့ ပြိုင်ပွဲအမျိုးအစား သုံးမျိုးဖြင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အမျိုးသား ၈ သင်း၊ အမျိုးသမီး ၇ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို သြဂုတ် ၂ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။


ဖွင့်ပွဲသို့ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စီစီလှဘူး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မောင်မောင်မြင့်(ပြန်/ဆက်)

 

1