ပူတာအိုခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ပူတာအို စက်တင်ဘာ ၂၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ သံဃာတော်များ ဆွမ်းအခက် အခဲမရှိစေရန်အတွက် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှတာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဆန်၊ ဆီ၊ ဆားနှင့် ပဲများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ပူတာအိုမြို့နယ် ဝင်းလုန်ကျေးရွာ ဟိုကျိုဘုန်းကြီးကျောင်းရှိ ရဟန်း သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)