ပူတာအိုခရိုင်၌ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပူတာအို       ဇွန်       ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှု၊ မြို့နယ်သစ်တော ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ လီဆူစာပေနှင ့်ယဉ်ကျေးမှုခြံ၀င်း၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့၀င်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညိုဦးနှင့် ၀န်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်းအင်အား ၈၀၀ ဖြင့် အမြင့်နှစ်ပေအထက်ရှိ ပျိုးပင်များဖြစ်ကြသော ရေပိတုန်းပင် ၆၀၀၊ သစ်အယ်ပင် ၄၀၀ စုစုပေါင်းသစ်ပျိုးပင် ၁၀၀၀ တို့ကို သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဖုန်ကန်(ပြန်/ဆက်)