ပူတာအိုကလေးစာပေပွဲတော် အတွက် အကြိုရင်တွင်းစကားသံများ

ပူတာအို ၁၇ မတ်

 

ဦးစဝ်ဖလတ္တာ (တိုင်းခမ်းတီ-ခမ်းတီးရှမ်း) ရှမ်းစာပေနာယက

 

" ဒီကလေးစာပေပြပွဲမှာ ခန္တီးရှမ်းတွေရဲ့ ရိုးရာပစ္စည်းတွေ ရှေးဟောင်းပစ္စည်းတွေ နောက်ပြီးတော့ အသုံးအဆောင်ပစ္စည်းတွေကို ကလေးအားလုံးအပါအဝင် လူကြီးတွေကအစ သိရှိအောင်ပြသခြင်းဖြစ်ပါတယ်။ လာပြီးကြည့်တဲ့သူတွေအားလုံးက ရှေးတုန်းက ခမ်းတီးရှမ်းတွေရဲ့ ပစ္စည်းအသုံးအဆောင်၊ ဘာသာရေးလူမှုရေး အသုံးအဆောင်ကအစ ဒီလိုရှိတယ်လို့ သိတဲ့အခါကျတော့ မျိုးဆက်သစ်ကလေးတွေက အခုမသိပေမယ့်လဲ ကြည့်ပြီးတဲ့အခါ ဒီလိုရှိပါလားဆိုပြီးသိအောင် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း ပညာရရှိလိမ့်မယ်လို့မျော်မှန်းပါတယ်။ ကလေးစာပေပွဲလုပ်ပေးခြင်းအားဖြင့် မျိုးဆက်သစ်ကလေးတွေကိုလက်ဆင့်ကမ်းပေးခြင်းပေါ့။ ပညာလဲပေးနိုင်တယ်။ ဒီလိုပွဲတော်ကြောင့် စာပေနဲ့ပတ်သက်လို့ ဗဟုသုတတွေတိုးလာမယ်။ စာအုပ်စာပေလဲစိတ်ဝင်စားလာမယ်။ နောက်ပြီးတော့ မကြာခန ၃ နှစ်တစ်ခါ ၄ နှစ်တစ်ခါ လုပ်ပေးစေချင်ပါတယ်။ " 

 

222

 

ဦးရာနီ (အတွင်းရေးမှူး) လီဆူစာပေနှင့်ယဉ်ကျေးမှု၊ ပူတာအို

 

" အနာဂတ်မျိုးဆက်သစ်လူငယ်မောင်မယ်များ စာအုပ်စာပေချစ်မြတ်နိုးပြီးတော့ စာပေဖတ်ရှုလေ့လာလို့ရအောင် အသိဉာဏ်ဗဟု သုတတွေတိုးပွားအောင် လာရောက်ပြသခြင်းဖြစ်ပါတယ်။ ပြသတဲ့ စာပေပွဲတော်မှာ ယဉ်ကျေးမှုအသီးသီးကလည်း ယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများကိုလည်းပြသထားတယ်။ အခုလိုစာပေပွဲတော်ကျင်းပခြင်းအားဖြင့် စာပေဖတ်ရှုလေ့လာပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတတိုးပွားလာတဲ့အခါမှာ တိုင်ပြည်ကာကွယ်ရေး၊ အုပ်ချုပ်ရေးစီမံရေးရာမှာလဲ ပါဝင်နိုင်မယ်လို့ မြင်မိတယ် ကလေးစာပေကို ကျနော့အနေနဲ့ပြေရရင် သင့်တော်ကောင်းမွန်တဲ့လုပ်ငန်းစဉ်တစ်ခုလို့ မြင်ပါတယ်။ "

 

333


 
ဒေါ်မိုးသန္တာခိုင်၊ ကျောင်းအုပ်(အမျိုးသမီးအိမ်တွင်းမှု သင်မွေးလုပ်ငန်းပညာသင်တန်းကျောင်း)

 

" အိမ်တွင်းမှုပညာရပ်တွေကို အမျိုးသမီးငယ်တွေသင်ကြားချင်စိတ်ဖြစ်ပေါ်လာအောင် ရည်ရွယ်ပါတယ်ရှင့်။ ပြီးတော့ ဒီလိုပွဲတော်မှာ ပြသပေးရတော့ အတန်းပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်တဲ့ သမီးတွေလဲ ဒီလိုသင်ကြားခြင်းအားဖြင့် ကိုယ်ပိုင်ဝင်ငွေရှာနိုင်ပြီးတော့ ဖွံ့ဖြိုးလာနိုင်မယ်ုဖစ်ပါတယ်ရှင်။ ပြီးတော့ ကလေးစာပေ ပွဲတော်ပြုလုပ်ပေးခြင်းအားဖြင့် မြို့နဲ့အလှမ်းဝေးတဲ့ ကလေးတွေ ဗဟုသုတဖွံ့ဖြိုးလာပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မယ်ဖြစ်ပါတယ်ရှင့်။ " 

 

444

 

 ဒေါက်တာလင်းအောင်ထက် (အထူးကုသမားတော်) ပူတာအိုခရိုင်ဆေးရုံအုပ်ကြီး 

 

" ကလေးစာပေပွဲတော်ကျင်းပပေးတာကတော့ နိုင်ငံအတွက်၊ မြို့ရွာအတွက်ကောင်းပါတယ် အထူးသဖြင့် ကလေးတွေအတွက်ပေါ့ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသလိုပေါ့။ နောင်အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်လာမဲ့လူတွေပဲလေ။ စာပေဆိုတာ ဘဝကိုအဆင့်အတန်းတွေကအစ ပြောင်းလဲစေနိုင်တာ ဒီစာပေပဲလေ။ ကလေးစာပေပွဲတော်မှာ ကျန်းမာရေးစောင့်ရှောင့်မှုအနေနဲ့ ဆေးပေးခန်း က အဓိကပါပဲ။ ပြပွဲလာတဲ့ကလေးသူငယ်တွေ ဆရာဆရာမတွေ၊ လာသမျှပရိသတ်တွေထဲက နာမကျန်းဖြစ်ခဲ့ရင် ချက်ချင်းအရေးပေါ်ဆောင်ရွက်မှု ပေးနိုင်အောင်ဆေးပစ္စည်း အပြည့်အစုံနဲ့ အထက်တန်းသူနာပြု၊ အငယ်တန်းသူနာပြုအပါအဝင် ပြပွဲစဉ်တစ်လျှောက် ကျန်းမာရေးစောင့်ရှောက်ပေးဖို့ပါဘဲ။ စာပေပွဲတော်လုပ်တာလဲဝမ်းသာအားရ ဂုဏ်ယူစရာဖြစ်မိပါတယ်။ ဒါမျိုးတွေများများပြုလုပ်ပေးစေချင်ပါတယ်။ " 

 

555

 

ရဲအုပ်အေးချို (ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံး) မှုခင်းဌာန

 

" ကလေးသူငယ်တွေကျောင်းသားကျောင်းသူတွေ အဓိက ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ လူကုန်တား-လူကုန်မခံရစေရေးအတွက်ပညာပေး ခင်းကျင်းပြသထားပါတယ်။ ကျောင်းသားတွေ ကျောင်းသူတွေလေ့လာတဲ့အတွက် သူတို့လေးတွေ အသိပညာတိုးသွားမယ်။ ရှောင်ရှားနိုင်ရမယ်။ ပြီးတော့ ရဲတပ်ဖွဲ့ပေါ်လဲကူညီနိုင်မယ်။ ကလေးစာပေပွဲတော်အနေနဲ့ တနိုင်ငံလုံးလုပ်နေတာဆိုတော့ တော်တော်လေး အကျိုးဖြစ်ထွန်းမှာပါ ခင်ဗျ "

 

သတင်း/ဓာတ်ပုံ - ကျော်စိုးနိုင်( ရွှေကူ)၊ သန်းလွင်ဦး (မိုးကောင်း)