ပူတာအိုမြို့နယ်၊ ဒါကူရှီဇားကျေးရွာ၌ တိုင်းရင်းဆေးအသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်

ပူတာအို ၂၁ ဇူလိုင်

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယ ကင်းရှင်းစေရေးဟူသော ရည်မှန်းချက်နှစ်ရပ်နှင့်အညီ တိုင်းရင်းဆေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက ပူတာအိုမြို့နယ် ဒါကူရှီဇားကျေးရွာ အစည်းအဝေးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်မျိုးဦးက မိုးရာသီတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျောရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ အအေးမိ နာစေး ချောင်းဆိုးရောဂါအကြောင်း သိကောင်းစရာများနှင့် မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနအနေဖြင့် ဒါကူရှီဇားကျေးရွာရှိ ပြည်သူ(၅၆)ဦးအား ကျန်းမာရေးစစ်ဆေးမေးမြန်းခြင်း၊ တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းများကို မွန်းလွဲ (၂)နာရီအထိ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)