ပူတာအိုမြို့နယ်၌ သမိုင်းဝင် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး

နေပြည်တော် ဖေဖော်ဝါရီ ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၆၀၄ ဒဿမ ၁၂၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ် ပူတာအိုမြို့နယ် သမိုင်းဝင် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့တွင် ရာခိုင်နှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊  လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းအိမ်ရာဆောက်ရေးလုပ်ငန်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်း ၃၄ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်