ပြင်ဦးလွင်   မေ  ၆

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်၏   လမ်းညွှန်မှုဖြင့် Junior Golf Myanmar (JGM) က ကြီးမှူး၍ CB Bank က အဓိက ကူညီပံ့ပိုးသော Pyin Oo Lwin Junior Open Championship (Road to Myanmar Junior National Team) မျိုးဆက်သစ်လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ၏ တတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို မေ ၄ ရက်က  ပြင်ဦးလွင်မြို့ ပြင်ဦးလွင်ဂေါက်ကွင်း၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကျင်းအမှတ် (၃) ၌ Hole In One ရရှိသော ဆက်နိုင်အောင်အား Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးအောင်ကိုဇော် ချီးမြှင့်သော  ဆုငွေကျပ် ငါးသိန်းကို  တွဲဖက်အတွင်းရေးမှူး   ဦးခန့်ဇော်ကလည်းကောင်း၊ PJGG Group မှ ဦးခင်မောင်အေးက ဆုကြေး ငွေ ကျပ် ၁၀ သိန်းကိုလည်းကောင်း၊ Pyin Oo Lwin Golf International School (PIS)   Founder ဦးစိန်ဝင်းက ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို လည်းကောင်း အသီးသီးပေးအပ်သည်။

ထို့နောက်   Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးဟိန်းထက်ဗိုလ်က  Junior အဆင့် အသက် ၁၂ နှစ်အောက် (အမျိုးသား) သက်တမ်းတွင် တတိယဆုရရှိသော ရှင်းခန့်ဇော်၊ ဒုတိယဆု ရရှိသော နေမျိုးခန့်၊  ပထမဆုရရှိသော ဘုန်းမြတ်သော်၊ ပြင်ဦးလွင်ဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဦးပါစီက အသက် ၁၄ နှစ်အောက်(အမျိုးသမီး) သက်တမ်းတွင် တတိယဆုရရှိသော ယွန်းရမှုံ၊  ဒုတိယဆုရရှိသော ချစ်ခွန်းသီအောင်၊ ပထမဆုရရှိသော Choi Hui ၊  မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် Junior Golf Myanmar (JGM) ဒုတိယ ဥက္ကဋ္ဌ ဦးစိုးက အသက် ၁၄ နှစ်အောက်(အမျိုးသား) သက်တမ်းတွင် တတိယဆုရရှိသော အောင်သန်းထွဋ်၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးက ဒုတိယဆုရရှိသော ထူးမြတ်အောင်၊ ပထမရရှိသော ဟိန်းသန့်သူတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြင်ဦးလွင်ဂေါက် သီးရိုက်အသင်း နာယက ဦးမြင့်မော်က အသက် ၁၈ နှစ်အောက် (အမျိုးသမီး) သက်တမ်း တွင် တတိယဆုရရှိသော နန်းဆိုင်အွမ်ငင်း၊ ဒုတိယဆုရရှိသော ဆုနှင်းဖြူ၊  ပထမဆုရရှိသော ချိုသာအောင်တို့ကိုလည်းကောင်း မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးအောင်ကိုဇော်က အသက် ၁၈ နှစ်အောက် (အမျိုးသား)သက်တမ်းတွင်  ပဉ္စမဆုရရှိသော  လင်းပြည့်မောင်၊ စတုတ္ထဆုရရှိသော နိုင်ဦးကို၊ တတိယဆုရရှိသော ပြည့်စုံအောင်၊ ဒုတိယဆုရရှိသော ပြည့်ဖြိုးထွဋ်၊ ပထမဆုရရှိသော ဆက်နိုင်အောင်တို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MGF