ရာဘာအစေးလှီးနည်းသင်တန်း မိုးညှင်း၌ဖွင့်

မိုးညှင်း   ၁၈  မတ်

 

ရာဘာအစေးလှီးနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သာယာကုန်း ကျေးရွာမှ ဦးတိုက်စိန်ပိုင်ဆိုင်သည့် ရာဘာခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီစမှူး ဦးအောင်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမများမှ တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား ၅၃ ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။

 

ယခုအချိန်တွင် မိုးညှင်းမြို့နယ်တွင် ရော်ဘာစိုက်ဧက (၅၅၈၄) ဧကမှာ အစေးထုတ်ယူခြင်းလုပ်ငန်းကို စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နီတိုး

 

ge IMG_2