ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ  ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်   ဒီဇင်ဘာ   ၁၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ  ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲတွင် ရွာငံမြို့နယ်၊ ရွာငံ-ဟံမြင့်မိုရ်သွား ကားလမ်း၊ ယုန်တောင် ကျေးရွာအနီးတွင် ရွာငံမှ ဟံမြင့်မိုရ်ဘက်သို့ ဘိုဘိုဇော် မောင်းနှင်ပြီး ပိုင်ထက်အောင် လိုက်ပါလာသည့် FUSO ၆ ဘီးယာဉ်အား သတင်းအရ ရှာဖွေရာ ယာဉ်အတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၁၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ည ၈ နာရီတွင် ဘိန်းဖြူများ သယ်ဆောင်ရာ၌ တာဝန်ခံသယ်ဆောင်သူ ဝင်းနောင်(ခ)ဘိုဘို ကို AD VAN မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိသော ဘိန်းဖြူ များကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်