ရာဖာမြို့၌ အစ္စရေး၏ မြေပြင်စစ်ဆင်ရေးအပေါ် အပစ်အခတ်ရပ်စဲရေးအတွက် အီးယူနှင့် အီဂျစ်ခေါင်းဆောင်များ သဘောတူ

ကိုင်ရို၊ မတ် ၁၈

ဥရောပနှင့် အီဂျစ်ခေါင်းဆောင်များသည် ဂါဇာကမ်းမြောင် တောင်ပိုင်း ရာဖာမြို့၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်  နေတန်ယာဟု၏  မြေပြင်စစ်ဆင်ရေးလုပ်ဆောင်ရန်  ရည်ရွယ်ချက်အပေါ် အလွန်စိုးရိမ်မိကြောင်း  ဖော်ပြထားသည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန်နှင့် အီတလီ၊ ဂရိအပါအဝင် အီးယူငါးနိုင်ငံ အဖွဲ့ဝင်များမှ   ခေါင်းဆောင်များသည် သမ္မတ အယ်စီစီနှင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် မတ် ၁၇  ရက်က  အီဂျစ်နိုင်ငံမြို့တော်  ကိုင်ရိုသို့ သွား ရောက်ခဲ့သည်။

ရာဖာမြို့၌ အစ္စရေးတပ်ဖွဲ့၏ စစ်ဆင်ရေးကို ပြတ်သားစွာ ပယ်ချခြင်းနှင့်ပတ်သက်ပြီး သမ္မတအယ်စီစီနှင့် ဥရောပခေါင်းဆောင်များက သဘောတူညီကြကြောင်း၊ အဆိုပါစစ်ဆင်ရေးမှာ ယင်းဒေသ၌ ဆိုးရွားနေပြီ ဖြစ်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း ဆွေးနွေးပွဲပြီးနောက် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အယ်စီစီက ပြောကြားသည်။

ခေါင်းဆောင်များအနေဖြင့် ရာဖာမြို့၌ အစ္စရေး၏ အလုံးစုံထိုးစစ်ဆင်မှုမှာ အရပ်သားများအပေါ် ကျရောက်မည့် အန္တရာယ်များနှင့် ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်၊။

အင်န်အိတ်ချ်ကေ