ရာဖေးလ်နာဒယ်၊ ကာမီရွန်နော်ရီးနဲ့ ဒန်အီဗန်တို့ မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်တစ်ဆင့်တက်လှမ်း

မေ ၆၊ ၂၀၂၂

 

စပိန်တင်းနစ် အကျော်အမော် ရာဖေးလ်နာဒယ်၊ ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတွေဖြစ်တဲ့  ကာမီရွန်နော်ရီးနဲ့  ဒန်အီဗန်တို့ဟာ  မက်ဒရစ် အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲရဲ့   ဒုတိယအဆင့်မှာ ပြိုင်ဘက်အသီးသီးကို  အနိုင်ရရှိခဲ့တာ ကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

 

ရာဖေးလ်နာဒယ်ဟာ   ဆားဘီးယား တင်းနစ်ကစားသမား  ကတ်မာနိုဗစ်ကို ၆-၁၊ ၇-၆(၇-၄)နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါ တယ်။ ဗြိတိန်ရဲ့ ကမ္ဘာ့အဆင့် ၁၁ နေရာ က ကာမီရွန်နော်ရီးကတော့ အမေရိကန် တင်းနစ်  ကစားသမား  ဂျွန်အစ္စနားကို ၆-၄၊ ၆-၄(၇-၅)၊ ၆-၄ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဒန်အီဗန်ကတော့ စပိန်တင်းနစ် ကစားသမား   ရောဘ်တိုဘောတစ်စတာ အဂတ်ကို ၆-၃၊ ၅-၇၊ ၇-၆(၇-၂)နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

 

မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုဖလား   ငါးကြိမ်ရရှိထားတဲ့ ရာဖေးလ်နာဒယ်ဟာ မတ်လကုန်ပိုင်းက အင်ဒီယန်ဝဲလ်တင်းနစ်ပြိုင်ပွဲမှာ  ဒဏ်ရာ ရရှိခဲ့ပြီးနောက် မက်ဒရစ်အိုးပင်းမှာ ဝင်ရောက်ကစားဖို့  မျှော်လင့်မထား ပေမယ့် ဒဏ်ရာသက်သာလာလို့ ဝင်ပြိုင်ခဲ့ တာ ဖြစ်ပါတယ်။

 

ဂရန်းဆလမ်းချန်ပီယံဆုဖလားကို ၂၁ ကြိမ်အထိ  ဆွတ်ခူးထားနိုင်ခဲ့တဲ့ ရာဖေးလ်နာဒယ် နောက်တစ်ဆင့်တက်ခဲ့ သလို ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာလည်း ရှာပိုဗာလော့ကို အနိုင်ရရှိကာ နောက်တစ်ဆင့်တက်ခဲ့ပြီး အန်ဒီမာရေးဟာ နောက်တစ်ဆင့်မှာ ဆားဘီးယားပရော်ဖက်ရှင်နယ် တင်းနစ် ကစားသမား  ဂျိုကိုဗစ်နဲ့ ယှဉ်ပြိုင်ကစား ရမှာလည်း ဖြစ်ပါတယ်။

 

ငွေကြယ်