လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၁၄
ရာသီဥတုအေးမြသည့် ကာလအတွင်း တောင်ပိုင်းကယ်လီ ဖိုးနီးယားဒေသတစ်လျှောက် လေပြင်း တိုက်ခတ်မှုကြောင့် အလွန်ဆိုးရွားပြင်းထန်သည့် ရာသီဥတုအခြေအနေကို ဖြစ်ပေါ်စေနိုင်သည့် အတွက် လော့စ်အိန်ဂျလိစ်သည် ယခုထက် ပိုမိုဆိုးရွားသည့် တောမီးလောင်ကျွမ်းမှုအခြေအနေကို ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။ လေပြင်းများသည် ဇန်နဝါရီ ၁၅ ရက်အထိ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။
လော့စ်အိန်ဂျလိစ်ဒေသ၌ ဇန်နဝါရီ ၁၃ ရက်တွင် မီးသတ်သမား ထောင်ပေါင်းများစွာသည် တောမီး လောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့သည်။ တောမီးသည် လွန်ခဲ့သည့် ဇန်နဝါရီ ၇ ရက် ကတည်းက လော့စ်အိန်ဂျလိစ်မြို့ကို စတင်လောင်ကျွမ်းခဲ့သည်။
အလွန်အမင်း ခြောက်သွေ့မှုနှင့် လေပြင်းတိုက်ခတ်မှုများက ပြင်းထန်သည့် တောမီးလောင်ကျွမ်းမှု ကို ပိုမိုဖြစ်ပေါ်စေပြီး တောမီးလောင်ကျွမ်းမှုကြောင့် ဧကပေါင်း ၄၀၅၀၀ ခန့်နှင့် အဆောက်အအုံ ပေါင်း ၁၂၃၀၀ ကျော် ပျက်စီးခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် တောမီးလောင်ကျွမ်းမှုတွင် ပါလီဆာဒက်တောမီးမှာ ၁၄ ရာခိုင် နှုန်းနှင့် အီတန်တောမီး ၃၃ ရာခိုင်နှုန်း ပါဝင်ကြောင်း ကယ်လီ ဖိုးနီးယား သစ်တောနှင့် မီးဘေး ကာကွယ်ရေးဌာန၏ ဖော်ပြချက်အရ သိရသည်။
လော့စ်အိန်ဂျလိစ်ဒေသအတွင်း တောမီးမျိုးစုံလောင်ကျွမ်းမှုကြောင့် ၂၅ ဦးခန့် သေဆုံးခဲ့ပြီး လူဒါဇင်ကျော် ပျောက်ဆုံးလျက်ရှိသည်။
တောမီးလောင်ကျွမ်းမှုကို အကြောင်းပြုပြီး အခွင့်ကောင်းယူရန် ကြိုးစားနေသူများအား အာဏာ ပိုင်များက စောင့်ကြည့်လျက်ရှိပြီး လုယက်သူများ အပါအဝင် ဒါဇင်နှင့်ချီသည့်သူများအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် အခွင့်ကောင်းယူ သ ည့် မည်သည့် ရာဇဝတ်သား မဆို ဥပဒေအပြည့်အဝ အသုံးချပြီး အရေးယူသွားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် ခရိုင်အစိုးရ ရှေ့နေ နေသန်ဟော့ချ်မင်းန်က ပြောသည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ