ရောင်စုံအမွေးအတောင်ပါရှိတဲ့ ဒိုင်နိုဆောမျိုးစိတ်သစ် တရုတ်နိုင်ငံ၌ ရှာဖွေတွေ့ရှိ

ပေကျင်း ၁၈ ဇန်နဝါရီ

 

တရုတ်နိုင်ငံမှာ အရောင်အသွေးစုံလင်သော အမွေးအတောင်ပါရှိတဲ့ဒိုင်နိုဆောမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ တယ်လို့ Nature Communication မှာဖော်ပြထားတဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

 

 

ဘယ်လ်ဂျီယံ၊အမေရိကန်နဲ့ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်တွေပူးပေါင်းထုတ်ဝေချက်အရ အဆိုပါ ရှာဖွေတွေ့ ရှိချက်တွေဟာ မန်ချူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွမ်လုံနဲ့ ဟူဘေစီရင်စုမှာ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တူးဖော်ကြရာမှ တွေ့ရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။ဒိုင်နိုဆောမျိုးစိတ်သစ်ရဲ့ အမည်ဟာ ကိုင်ဟွန် ဂျူဂျီဖြစ်ပြီး သူ့ရဲ့ အဓိပ္ပာယ်ကတော့ တရုတ်ဘာသာအရ ကြီးမားတဲ့တောင်ထိပ်နဲ့ သက်တန့် ဖြစ်တယ်လို့ သိရပါ တယ်။

 

 

 ဒိုင်နိ်ုဆောရဲ့ ဦးခေါင်း၊လည်ပင်း၊ဝမ်းဗိုက်နဲ့ အမြီးပိုင်းတစ်ဝိုက်နေရာတွေမှာ အရောင်အသွေးစုံလင်တဲ့ အမွေး အတောင် တွေပါရှိတာကို ကျောက်ဖြစ်ရုပ်ကြွင်းက ဖော်ပြနေတဲ့အတွက် ယင်းကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုရခြင်း ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

 

 

လေ့လာသုတေသနပြုသူတစ်ဦးဖြစ်တဲ့ ဟူဒွန်ယုရဲ့ အပြောအရ ဒိုင်နိ်ုဆောဟာ အစောပိုင်းရာစုနှစ်တွေက အရောင်အသွေးစုံလင်တဲ့ သတ္တဝါပုံစံဖြစ်တယ်လို့ သိရပါတယ်။သူ့ရဲ့ ရှေ့ခြေတွေဟာ အမြီးပိုင်းကနေတစ်ဆင့် ဖွံ့ဖြိုးလာတဲ့ ရောင်စုံအတောင်တွေပါရှိတာဖြစ်ပြီး အမြီးဟာပျံသန်းဖို့အတွက် အဓိကနေရာဖြစ်နိုင်တယ်လို့ လည်း သိရပါတယ်။

 

 

ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၆၀ ခန့် ဂျူရေးဆစ်ခေတ်က သက်ရှိထင်ရှားသတ္တဝါတွေ ပဲဖြစ်ပါ တယ်။ ဒီရှာဖွေတွေ့ရှိမှုအသစ်ဟာ ငှက်တွေရဲ့ ဆင့်ကဲဖြစ်စဉ်လေ့လာချက်ကို အထောက်အကူဖြစ်စေမယ့် အရေးပါတဲ့ အချက်အလက်တွေ ဖြစ်စေနိုင်မယ်လို့လည်း ဆိုထားပါတယ်။

 

 

(MDN)

ကိုးကား-ဆင်ဟွာ