ရွှေဘို-မြစ်ကြီးနားလမ်း နမ္မကျိုင်းကျေးရွာလမ်းဆုံနေရာမှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းမိ

အင်းတော် ၁၈ ဖေဖော်ဝါရီ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းနမ္မကျိုင်းကျေးရွာသွား လမ်းဆုံနေရာတွင် ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ပန်းရောင်စိတ်ကြွဆေးပြား ၁၁၇၀ဝ နှင့်ဘိန်းဖြူ ၈၆၀ ဂရမ် ဖမ်းမိခဲ့ကြောင်း သိရသည်။

 

123


ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခန့်က အင်းတော်မြို့နယ်ရွှေဘို- မြစ်ကြီးနားသွားကားလမ်း၊ နမ္မကျိုင်း ကျေးရွာသွား လမ်းဆုံတွင် မူးယစ်တပ်ဖွဲ့စု(၆)မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ဇော်ဘောက်(ခ)မာဒီး ဆိုသူမောင်းနှင်လာသော 9I/----- ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသောပန်းရောင် စိတ်ကြွဆေးပြား ၁၁၇၀ဝ နှင့် ဘိန်းဖြူ ၈၆၀ ဂရမ်အား ရှာဖွေစစ်ဆေး တွေ့ရှိခဲ့ရသည်။


ထို့နောက် ဇော်ဘောက်(ခ)မာဒီးအား စစ်မေးရာ အဆိုပါမူးယစ်ဆေးဝါးများသည် ကချင်ပြည်နယ် မိုးကောင်း မြို့သို့ပို့ပေးရန်နှင့် ပို့ဆောင်ခ(၂၅)သိန်းရရှိကြောင်း စစ်ဆေးသိရှိရသဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဇော်ဘောက် (ခ) မာဒီး၊ အီးနိုင်းကျေးရွ ာလားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နေသူအား အင်းတော်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)