ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်များ ချပြရှင်းလင်းပွဲ ကျင်းပ

ရေဦး  ၁၈  ဇွန် 
            

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက စီစဉ်ဆောင်ရွက်သော လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုင်ရာများ ရှင်းလင်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမ၌ ကျင်းပသည်။
            

ဆွေးနွေးပွဲတွင် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍  လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးလျန်ရှင်းခုပ်က လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း ပေးကမ်းခြင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်းများကို အကျယ်တဝင့် ချပြရှင်းလင်းခဲ့သည်။ 


ထို့နောက် တက်ရောက်လာကြသော ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့် စာရေးဝန်ထမ်းများက လယ်ယာမြေနှင့် ပတ်သက်၍ လက်ရှိတွေ့ကြုံနေကြရသည့် အခြေအနေများကို တင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။ 


သန်းထိုက် (ရေဦး)