ရွှေဘို၌ စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား

ရွှေဘို ၁၇  ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဇူလိုင် ၁၆ ရက် ညပိုင်းက စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား၍ လူတစ်ဦး စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် ဇူလိုင် ၁၆ ရက် ည ၇ နာရီခန့်က မရိုးကုန်းရပ်နေ  အောင်ဇော်ဝင်း (ခ) ဖိုးသား မှာ တစ်ရပ်ကွက်တည်းနေ စိန်ကုလား (ခ) နေမင်းလင်းနှင့် စကားများရန်ဖြစ်ရာမှ စိန်ကုလား (ခ) နေမင်းလင်းမှ ဓားနှင့်ထိုးသွားခဲ့​၍ အမှတ် (၄) ရပ်ကွက်၊ သီရိလမ်းထိပ်တွင် လဲကျနေကြောင်း ၎င်း၏ ဇနီးဖြစ်သူမှ သိရသဖြင့် သွားရောက်ကြည့်ရှုရာ ဒဏ်ရာများနှင့် လဲကျနေသော ခင်ပွန်းဖြစ်သူကို တွေ့ရှိခဲ့ရသဖြင့်  စိန်ကုလား (ခ) နေမင်းလင်းအား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ စိန်ကုလား (ခ) နေမင်းလင်း (၂၆နှစ်)အား ရွှေဘိုမြို့မ ရဲစခန်းက အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မိုးသောက် (ရွှေဘို)