ရေဆင်းတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ ရွှေနတ်တောင် အဆိုပြု ကြိုးပြင်ကာကွယ်တော၌ ကွင်းဆင်းလေ့လာ

သာစည်  ၂၈  ဇူလိုင်

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း(နေပြည်တော်)မှ ဘွဲ့ကြိုတတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဉ္စမနှစ်ကျောင်းသား ကျောင်းသူများသည် ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီခွဲက သာစည်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဆောင်ရွက်ထားသော ရွှေနတ်တောင် အဆိုပြု ကြိုးပြင်ကာကွယ်တော အခြားစိုက်ခင်း ၂၅ ဧကသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

 

0483

 

ကွင်းဆင်းလေ့လာရာ၌ သာစည်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထိုက်က ရွှေနတ်တောင် အဆိုပြုကြိုးပြင်ကာကွယ်တောတွင် ကျောက်စီနုန်းထိန်းတမံငယ် တည်ဆောက်ခြင်း၊  တစ်ဘက်ယက်ဆည် တည်ဆောက်ခြင်း အစရှိသည့် ဆောင်ရွက်ထားသော  လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

05090

 

ထို့နောက် မြို့နယ်ဦးစီးအရာရှိက  မြို့နယ်တွင်း ဆောင်ရွက်လျက်ရှိသော  စိုက်ခင်းများ တည်ထောင်ခြင်း၊    သဘာဝတောကျန်များ ထိန်းသိမ်းခြင်း၊ ထင်းအစား အခြားလောင်စာ သုံးစွဲဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ ရေရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်း(သာစည်)