ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ ၁၉

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။

 

မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ် ကံဘဲ့စည်ပင်အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချနေမှု၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ကျန်စစ်သားလမ်း တိပိဋကမဟာဂန္ထဝင်နိကာယ် ကျောင်းတိုက်ရှေ့ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု၊ ကျောင်းတိုက်နှင့် ရန်ကုန်-မန္တလေး ရထားလမ်းအကြား ရိုးချောင်း ပြန်လည်တူးဖော်နေမှု၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် မြနန္ဒာလမ်း၊ မြနန္ဒာခန်းမဘေးဝန်းကျင် မြေဖို့လုပ်ငန်း ဆောင်ရွက်နေမှု၊ သာကေတမြို့နယ် ရှုခင်းသာ မြို့ပတ်လမ်းနှင့် အတွင်း ရှုခင်းသာလမ်းထောင့် အုတ်ရေမြောင်း၊ မြေထိန်းနံရံ တည်ဆောက်နေမှု၊ ၆/အနောက်ရပ်ကွက် မင်္ဂလာကန်တော်ကြီး စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း လူကူးသစ်သားတံတား ပြန်လည်ပြုပြင်ခင်းကျင်းပြီးစီးမှုနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

 

သတင်းစဉ်