ရှေးဟောင်း အမွေအနှစ်တွေနဲ့ နာမည်ကျော်နေတဲ့ တရုတ်နိုင်ငံ ဟန်ကျိုးမြို့

ဟန်ကျိုး  ၂၁ ဇွန်


ဟန်ကျိုးမြို့သည် တရုတ်နိုင်ငံ၏ အရှေ့တောင်ပင်လယ်ကမ်းရိုးတန်း အနီးရှိ  ကျဲ့ကျန်းပြည်နယ်တွင် တည်ရှိသည်။ ပြည်နယ်၏ မြို့တော်ဖြစ်ပြီး အမြဲတမ်းလူဦးရေမှာ ၉၈၀.၆ သန်း၊ မြို့ပြဧရိယာအတွင်း နေထိုင်သူဦးရေမှာ ၈ ဒသမ ၅၇ သန်း နေထိုင်ကြောင်း သိရသည်။

 

1

 


ခရိုင်စီမံအုပ်ချုပ်ရာဒေသ ၁၀ ခုရှိပြီး ခရိုင်အဆင့်မြို့ ၁ ခု၊ ခရိုင် ၂ ခုဖြင့် ဖွဲ့စည်းထားသည်။ ဧရိယာစတုရန်းမိုင် ၁၆၈၅၃ ဒသမ ၅၇ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး မြို့ပြဧရိယာမှာ ၈၂၉၂ ဒသမ ၃၁ စတုရန်းကီလိုမီတာ ရှိသည်။

 

1

 


စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် မြို့ဖြစ်သည်နှင့်အညီ မြင့်မားသည့် အဆောက်အဦများစွာ ရှိသည်။ အထပ်အမြင့်မှာ အထပ်ပေါင်း ၂၀ နှင့် အထပ်ရှိသည့် အဆောက်အဦ များစွာတွေ့ရသည်။ ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းရှင် ဂျက်မား၏ အလီဘာဘာ ရုံးစိုက်ရာ မြို့လည်းဖြစ်သည်။ ထို့အပြင် ၂၀၁၆ ခုနှစ်တွင် G-20 ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည့် မြို့ဖြစ်သည်။

 

1

 


တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ငွေစက္ကူ အသုံးပြုမှုနည်းပါးပြီး မိုဘိုင်းဖုန်းဖြင့်သာ ငွေပေးချေမှုကို ဆောင်ရွက်နေကြသလို ဟန်ကျိုးမြို့သူမြို့သားတွေသည်လည်း ငွေစက္ကူ အသုံးမပြုပဲ မိုဘိုင်းဖုန်းဖြင့်သာ ငွေပေးချေမှုကို ပြုလုပ်ကြသည်။ လုပ်ငန်းခွင်တွင်လည်း မိုဘိုင်းဖုန်းကို အသုံးပြုပြီး အလုပ်လုပ်ကြသည်ဟု သိရသည်။ 


ဟန်ကျိုးမြို့တွင်အသုံးပြုသည့် ဘတ်စ်ကားများ၊ တက္ကစီ၊ စက်ဘီးအငှားလုပ်ငန်း၊  စူပါမားကတ်၊ စားသောက်ဆိုင်၊ ကားလတ်မှတ်၊ ရထားလက်မှတ်၊ ဝန်ဆောင်မှုလုပ်ငန်းစသည့် လုပ်ငန်းများသည် မိုဘိုင်းဖြင့်သာ ငွေပေးချေမှုကို ဆောင်ရွက်ကြသည်။ ဟန်ကျိုးမြို့ဟာ မိုဘိုင်းပေးမန့်အများဆုံး အသုံးပြုသည့် မြို့တစ်မြို့ဖြစ်သည်လို့ သိရသည်။ 


ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည့်အတွက် စီးပွားရေးအရ တိုးတက်သည့် မြို့ပြဖြစ်သလို ခရီးသွားလာမှုနဲ့ ပတ်သက်လို့ ထင်ရှားကျော်ကြားတဲ့ မြို့တစ်ခုဖြစ်သည်။ ဟန်ကျိုးမြို့သည် တရုတ်နိုင်ငံ၏ စတုတ္တမြောက် အကြီးဆုံးမြို့ဖြစ်ပြီး နှစ်ပေါင်း ၂၂၀ဝ ကျော်က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းထားသည့် ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှိရာ မြို့ ၇ ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။


၁၉၀၆ ခုနှစ်တွင် ဟန်ဆုန်းမြို့တံခါးဝရှိ West Lake ရေကန်သည် ရှေးဟောင်းပစ္စည်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး လူသိများထင်ရှားသည်။ ခတ်မီအဆောက်အဦများဖြင့် တိုးတက်နေသော မြို့ပြဖြစ်ပေမယ့် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များကို ယနေ့တိုင်ထိန်းသိမ်းထားသည့်မြို့ ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းလည်း ဖြစ်ထွန်းပေသည်။


ဟန်ကျိုးမြို့သည် ကမ္ဘာတွင် ထင်ရှားကျော်ကြားသူများ နေထိုင်ခဲ့ရာ ဒေသတစ်ခုလည်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးဝယ်မှုစနစ်ကို စတင်တီထွင်ခဲ့သည့် အလီဘာဘာ ကို တည်ထောင်သူ ဂျက်မား၊ စီးပွားရေးလုပ်ငန်းရှင် ရှောင်ကျင်ဟူး (Zong Qinghou) ၊ ပရောဖက်ရှင်နယ် တင်းနစ်ကစားသမား ဝူရင်ဘင်း (Wu Yibing) စသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ နေထိုင်ခဲ့ရာ ဒေသလည်းဖြစ်သည်။


ကမ္ဘာ့နိုင်ငံအသီးသီးက အရေးကြီး ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် G-20 ထိပ်သီးအစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင် ဟန်ကျိုးမြို့မှာ ကျင်းပခဲ့သည်။ ၂၀၂၂ တွင်လည်း အာရှအားကစားပြိုင်ပွဲကို ဟန်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်တာကြောင့် မြေအောက်ရထားလမ်းများ၊ အားကစားကွင်းများကို ကြိုတင်ပြင်ဆင်နေသည်ကို တွေ့ရသည်။


ယခုလို စီးပွားရေးဖွံ့ဖြိုး တိုးတက်ရာဒေသ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်တွေ ထိန်းသိမ်းရာ ဒေသဖြစ်သည့် ဟန်ကျိုးမြို့က ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားလှသည့် West Lake၊ ကမ္ဘာ့အကြီးဆုံး ပိုးထည်ပြတိုက်ဖြစ်သည့် China National Silk Museum၊ လီယန်ဇူးယဉ်ကျေးမှုရွာ (Liangzhu Culture Village)၊ လူငယ်စွန့်ဦး တီထွင်သူများကို ပံ့ပိုးပေးနေသည့် Dream Town၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းထားသည့် Lingyin Temple၊ ရှေးဟောင်းအိမ်တွေကြားက ဈေးတန်းကလေး Hefang Street၊ ခေတ်မီနည်းစနစ်တွေနဲ့ စိုက်ပျိုးထားသည့် Transfer Group ၏ သစ်ခွစိုက်ပျိုးရေးလုပ်ငန်း၊ တရုတ်နိုင်ငံက ပြည်သူတွေအတွက် ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် Civic Center တွေကို ပြီးခဲ့သည့် ရက်ပိုင်းက လေ့လာခဲ့သည်။


(ဆက်လက်ဖော်ပြပါမည်)
အိမို့မို့ခိုင်