ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် ဟောင်ကောင်ပြည်သူများ ဆန္ဒပြတောင်းဆို

ဟောင်ကောင် ၃၀ စက်တင်ဘာ

 ၂၀၁၄ ခုနှစ် ထီးလှုပ်ရှားမှု ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဟောင်ကောင်ရှိ ဆန္ဒပြပြည်သူများသည် ကြီးမားသည့် လူထုစုဝေးချီတက်မှုကြီး ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုဆန္ဒပြပြခဲ့ကြကြောင်း သိရ သည်။

လွန်ခဲ့သော ငါးနှစ်အကြာ စက်တင်ဘာ ၂၈ ရက်ကကျောင်းသားများ နှင့် အခြား ဆန္ဒပြပြသူများသည် ဒီမိုကရက် တစ်ရွေးကောက်ပွဲကျင်းပရန် တောင်းဆို သည့်အနေဖြင့် လမ်းမများပေါ် ချီတက် ဆန္ဒပြပြခဲ့ကြသည်။ ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပြပွဲစီစဉ်သူများက ယင်းလှုပ်ရှားမှုကို အမှတ်ရသည့်အနေဖြင့် စက်တင်ဘာ ၂၈ ရက်တွင် လူထုစုဝေးချီတက်ပွဲကြီးကျင်းပ ခဲ့သည်။

လက်ရှိ နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်နေကြသူများလည်း စုဝေး ချီတက်မှုအတွင်း ပါဝင်ခဲ့ကြပြီး ၎င်းတို့ သည် ဟောင်ကောင်အမှုဆောင်ချုပ်ကိုတိုက်ရိုက်ရွေးချယ်တင်မြှောက်ရေးနှင့် အခြားသော ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးရေး တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြပြလူငယ်အချို့က လူထုစုဝေး ချီတက်ရာ နေရာအပြင်ဘက်ရှိ အစိုးရရုံး အဆောက်အုံများကို မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့က ၎င်းတို့ အား လူစုခွဲရန် ကြိုးပမ်းခဲ့သည်။သို့သော် လည်း လူထုစုဝေးချီတက်မှုသည် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားမှုကြီးကြီးမားမားမရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။ ပြည်သူများ၏ တောင်းဆိုမှုအတိုင်း ပြုပြင် ပြောင်းလဲရေးလုပ်ဆောင်ရန်မှာ လတ် တလောတွင် အခက်အခဲရှိကြောင်း အစိုးရက ထုတ်ပြန်ချက်တစ်ရပ် ဖော်ပြ ကာ တုံ့ပြန်ခဲ့သည်။

အင်န်အိတ်ချ်ကေ