ရွေးကောက်ပွဲနေ့ရက်၌ မဲရလဒ်ရေတွက်ခြင်းအား လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်မည်

နေပြည်တော်  ၁၃ ဇူလိုင်

 

ရွေးကောက်ပွဲနေ့ရက် မဲရလဒ်ရေတွက်ခြင်းအား လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။

 

ယနေ့ အစည်းအဝေးတွင် ကန်ပက်လက်မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရှိ မဲရလဒ်များအား ရွေးကောက်ပွဲနေ့ရက်၏ ညနေ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်း မပြုလုပ်ရန်နှင့် မဲရလဒ်များ ပေါက်ကြားခြင်းမရှိစေရန် ညွှန်ကြားချက်၊ စည်းကမ်းချက်များ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက ပြန်လည်ဖြေကြားရာတွင် ပြောကြားခြင်းဖြစ်သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၂ (က)တွင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများကို နံနက် နာရီမှ ညနေ နာရီအထိ ဖွင့်လှစ်ထားရမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပြီးပါက မဲရုံများကို ညနေ နာရီထက်စော၍ ပိတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ယင်းဥပဒေ ပုဒ်မ ၄၂ ()တွင် မဲရုံများကို ညနေ နာရီတိတိအချိန်တွင် ပိတ်သည့်အခါ  မဲရုံမပိတ်မီ ထိုမဲရုံပရိဝုဏ်အတွင်း၌ ဆန္ဒမဲပေးရန် ရောက်ရှိနေသူများအနက် ဆန္ဒမဲ မပေးရသေး သူများရှိပါက ယင်းတို့ကို စာရင်းကောက်ယူ၍  ထိုစာရင်းတွင် ပါသူများကိုသာလျှင် ဆန္ဒမဲပေးချိန် ကျော်လွန်ပြီး ဖြစ်စေကာမူ ဆန္ဒမဲပေးခွင့်ပြုရမည်ဟူ၍လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၄၈()တွင် သက်ဆိုင်ရာ မဲရုံအလိုက် ဆန္ဒမဲပေးခြင်းပြီးပြတ်လျှင် ပြီးပြတ်ချင်း မဲရုံမှူးကိုယ်တိုင်ဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သော မဲရုံအဖွဲ့ဝင်က ဖြစ်စေ မဲရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ် များကို ရေတွက်ရမည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ အထက်ဖော်ပြပါ ပြဋ္ဌာန်းဥပဒေများအရ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်မရှိပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံအဖွဲ့များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ရွေးကောက်ပွဲကာလ နီးကပ်ချိန်တွင် လိုအပ်သော ညွှန်ကြားချက်များကို ဥပဒေနှင့်အညီ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

MDN

ဓာတ်ပုံ-ပြည်သူ့လွှတ်တော်