ရွေးကောက်ပွဲနိုင် မဟာသီယာ သူ့ရဲ့ အစိုးရအဖွဲ့ကို တင်္နလာနေ့ မတိုင်ခင် အပြီးသတ်ဖွဲ့မယ်

၁၇ မေ 

ရွေးကောက်ပွဲအနိုင်ရ ဝန်ကြီးချုပ် မဟာသီယာ က သူကိုယ်တိုင် ပညာရေးဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူပြီး ဒုတိယဝန်ကြီးချုပ်အဖြစ်လျာထားတဲ့ ဒေါက်တာ ဝမ်အစ်ဇီ ဝမ် အစ္စမေး ကို လူမှုစောင့်ရှောက်ရေးနဲ့ အမျိုးသမီးရေးရာ ဝန်ကြီးအဖြစ် ခန့်ထားကြောင်း ဒီကနေ့ ကြေငြာလိုက်ပါတယ်။ 

ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မဟာ သီယာက မနက်ဖြန် သောကြာနေ့ နဲ့ ရုံးပိတ် အတွင်းမှာ ဝန်ကြီး နေရာတွေကို အပြီးသတ် ခန့်အပ်သွားမှာဖြစ်ပြီး၊ ခန့်အပ်ထားတဲ့ ဝန်ကြီး ၁၃ ဦး ပါတဲ့ အစိုးရဖွဲ့ကို မလေးနန်းတော် ကသာ လက်ခံမယ်ဆိုရင် လာမယ့် တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုသွားမယ်လို့လည်း ပြောသွားပါသေးတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဘဏ္ဍာရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး နဲ့ ကာကွယ်ရေးဝန်ကြီးတွေကို လည်း အသီးသီး ခန့်အပ်ပါသေးတယ်။ 

၁၉၇၆ ခုနစ်က ဝန်ကြီးချုပ်အဖြစ် တာဝန်မယူခင်  ၁၉၇၄ ခုနစ်က မဟာသီယာ ဟာ ပညာရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

MDN.