ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက်သြစတြေးလျ ဝန်ကြီးချုပ်၊ ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆို

၂၉ မေ

ပြန်လည်ရွေးကောက်ခံ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison နှင့် သူ၏ ပုံစံအသစ်ပြောင်းသော ဝန်ကြီးဌာနတို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြကြောင်း သိရသည်။

Morrison နှင့် အမျိုးသမီး ခုနစ်ဦး ပါဝင်သော ဝန်ကြီးအဖွဲ့သည် ယနေ့မနက်ပိုင်းက အစိုးရအိမ်တော်ကို သွားရောက်ကာ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

မေ ၁၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် တတိယမြောက်သက်တမ်းအတွက်  Morrison ၏ လေဘရယ် နေရှင်နယ်ပါတီ (LNP)  သည် အတိုက်အခံ သြစတြေးလျ လေဘာပါတီ (ALP) ကို အနိုင်ရရှိခဲ့သည်။

Sussan Ley, Linda Reynolds and Anne Ruston တို့ကို သဘာဝပတ်ဝန်းကျင်၊ ကာကွယ်ရေးနှင့် မိသားစုနှင့် လူမှုရေးဝန်ဆောင်မှု ဝန်ကြီးများအဖြစ် အသီးသီး တိုးမြှင့်ပေးခဲ့သည်။

၎င်းတို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး Marise Payne၊ စိုက်ပျိုးရေးဝန်ကြီး Bridget McKenzie၊ အလုပ်သမားဝန်ကြီး Michaelia Cash နှင့် စက်မှုဝန်ကြီး Karen Andrews တို့သည် အမျိုးသမီးများ အနေဖြင့်  အစိုးရအဖွဲ့တွင် ပါဝင်ခဲ့ကြသည်။

သြစတြေးလျရွေးကောက်ပွဲကော်မရှင်သည် ဆန္ဒမဲများရေတွက်နေဆဲဖြစ်ပေမယ့်လည်း ဇူလိုင်လ ပထမပတ်တွင် သြစတြေးလျ၏ ၄၆ ကြိမ်မြောက် ပါလီမန်အစည်းအဝေးကျင်းပမည်ဟု မျှော်လင့်ရသည်။

ကိုးကား - ဆင်ဟွာ                
ဘာသာပြန် - မြင့်မြင့်ချို