ရွေးကောက်ပွဲတွင် နေတန်ယာဟု မဲအများစု ရရှိခြင်းမရှိ

၁၉ စက်တင်ဘာ


ယမန်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင် နေတန်ယာဟု သည် ညွန့်ပေါင်းဖွဲ့ရန် ခက်ခဲသော စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်မည်ဟု ယူဆရသည်။


အဆိုပါ ရွေးကောက်ပွဲရလဒ်သည်  နေတန်ယာဟု၏ ၁၀ နှစ် သက်တမ်းကို အဆုံးသတ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


ဆန္ဒမဲရလဒ်များ၏ ၉၁ ရာခိုင်နှုန်း ရေတွက်ပြီးသည်နှင့်အမျှ နေတန်ယာဟု၏ လက်ယာယိမ်း Likud ပါတီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဘန်နီ ဂန်ဇ် ဦးဆောင်သည့် အလယ်အလတ်ဝါဒီ Blue and White ပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြသော်လည်း ပါတီနှစ်ခုစလုံးသည် အမတ်နေရာများ၏ လေးပုံတစ်ပုံသာလျှင် ရနိုင်ဖွယ်ရှိသည်။


Likud ပါတီသည် အမတ်နေရာများ မရရှိခဲ့သလိုပင် နေတန်ယာဟု ၏ လက်ယာယိမ်းအုပ်စုသည် အမတ်နေရာ အများစု ရရှိမည် မဟုတ်ပေ။


အတိုက်အခံပါတီများ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့အသစ် မူဘောင်တစ်ရပ် ဖွဲ့စည်းရန် အသင့်ဖြစ်ကြောင်း နေတန်ယာဟု က ထုတ်ဖော်ပြောကြားခဲ့သော်လည်း နေတန်ယာဟုကို အကျင့်ပျက်ခြစားသည်ဟု စွပ်စွဲကာ ရာထူးမှဆင်းပေးရန် ဘန်နီ ဂန်ဇ် က တောင်းဆိုနေသည်။


ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို ယနေ့ကြေညာမည် ဟု သိရသည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို