ရေကြည်မြို့၌  အခမဲ့ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် မုန့်လုပ်နည်းသင်တန်း ဖွင့်ပွဲကျင်းပ

ရေကြည်  ဇန်နဝါရီ ၃ 

 

ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေး ပညာသင်ကျောင်းတို့မှ ပူးပေါင်းဖွင့်လှစ်သော အခမဲ့ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် မုန့်လုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ် ကျေးလက်ဦးစီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အဆိုပါ သင်တန်းကို ရေကြည်မြို့နယ် ကျေးရွာများမှ သင်တန်းသူ  ၂၅   ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၃ ရက်မှ ၁၇ ရက်အထိ (၁၅)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းတွင် နတ်သုဒ္ဓါ၊ ဒံပေါက် စသည့် မုန့်လုပ်နည်း အမျိုးပေါင်း (၁၄)မျိုးကို အခမဲ့သင်ကြား ပေးမည်ဖြစ်သည်။ အဆိုပါသင်တန်းကို အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း(ပုသိမ်)မှ လက်ထောက် နည်းပြ ဒေါ်စန္ဒာဆွေဦးနှင့်  ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းဇော် (ရွှေလီဦး)