ရေကြည်မြို့နယ် မြတ်ဒါန(အခမဲ့)ကုသိုလ်ဖြစ်ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး

ရေကြည် ဇွန် ၁၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ရှိ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်၊ မြတ်ဒါန(အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဇွန် ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်အေးအေးလင်း နှင့်  ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးထိုးပေးခြင်းနှင့် ဆေးပေးခြင်း စသည့် ကျန်းမာရေးစစ်ဆေးကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သည့်ဆေးဝါးများကို မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် ဦးကောဏ္ဍညနှင့် အလှူရှင်များက လှူဒါန်း၍ တစ်လလျှင် နှစ်ကြိမ် စနေနေ့တိုင်း ကျန်းမာရေး စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

မေသန့်ဇင် (ပြန်/ဆက်)