ရေကြည် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရရှိပါက ရှေးဦးသူနာပြုနည်းကို လက်တွေ့သရုပ်ပြသခြင်း၊ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


