ရွှေကူမြို့အနီး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော်  ၁၆  ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၂၆ မိနစ်၊ ၃၀ စက္ကန့်အချိန်တွင် ကသာမြေငလျင်စခန်းမှ အရှေ့ဘက်(၂၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ရွှေကူမြို့၏ တောင်-အနောက်တောင်ဘက် (၃)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၇၉ ဒီဂရီ၊ အနက်(၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မိုးဇလ