ရွှေကူမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင် လှုပ်ရှား

နေပြည်တော်  ၁၆  ဇူလိုင်

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆) နာရီ၊ (၂၂)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ အရှေ့ဘက် (၂၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေကူမြို့၏ အနောက်တောင်ဘက် (၆) မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၁၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၁) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

#မိုးဇလ