ရွှေကူ၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ် ဖြေဆိုမှု ၉၅ ဒသမ ၅၅ ရာခိုင်နှုန်းရှိ

ရွှေကူ ၁၅  မတ် 


ကချင်ပြည်နယ် ရွှေကူမြို့နယ်၏ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ဘိုကုန်း)၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(ခုံခန်း)တွင် ကျင်းပလျှက်ရှိရာ မတ်လ ၁၅ ရက် နံနက် ၉ နာရီက သမိုင်းဘာသာရပ်တွင် စာရင်းရှိ ကျောင်းသား (၇၅၀)ဦး၊ ကျောင်းသူ (၉၁၄)ဦး၊ စုစုပေါင်း (၁၆၆၄)ဦးတွင် ဖြေဆိုကြသည့် ကျောင်းသား (၇၀၅)ဦး၊ ကျောင်းသူ (၈၈၅)ဦး၊ စုစုပေါင်း (၁၅၉၀)ဦး၊ ပျက်ကွက်သူ ကျောင်းသား (၄၅)ဦး၊ ကျောင်းသူ (၂၉)ဦး၊ စုစုပေါင်း (၇၄)ဦး ဖြစ်သဖြင့် ၄ ဒသမ ၄၅ ရာခိုင်နှုန်း ပျက်ကွက်ပြီး ၉၅ ဒသမ ၅၅ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN