ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကလော ၂၂  အောက်တိုဘာ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကလောမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ အခြေခံပညာ ကျောင်းများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် ကလောမြို့နယ် မြေခြားကျေးရွာ အခြခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကလေးစာပေနှင့် သုတ/ရသစာအုပ် (၃၈)အုပ်၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကလေးစာပေနှင့် သုတ/ရသ စာအုပ် (၁၀၀)တို့ကို အခမဲ့ ငှားရမ်းပေးခဲ့ပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်အသစ်များ ပြန်လည်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း (ပြန်/ဆက်)