ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကျောင်းသားကျောင်းသူများအား စာအုပ်များငှားရမ်းပေး

သန်လျင် စက်တင်ဘာ ၂၁

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် အယူအဆ မှန်ကန်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုရန် အချိန်မပေးနိုင်သူများအတွက် အဆင်ပြေစေရန်ရည်ရွယ်၍ ယနေ့တွင် သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ် (Mobile Bus) ဖြင့် ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

 

သန်လျင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူများနှင့် ဌာနဆိုင်ရာရုံးများရှိ ဌာနဆိုင်ရာဝန်ထမ်းများက ယခုကဲ့သို့ အရောက်ငှားရမ်းပေးခြင်းအတွက် ဝမ်းမြောက်မိကြောင်းနှင့် စာအုပ်စာပေမှရရှိသည့် အကျိုးကျေးဇူးများစွာရရှိကြောင်း ပြောသည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး(သန်လျင်)အနေဖြင့် ကျန်ရှိသော အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ဆက်လက်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဝင်း(သန်လျင်)