ရေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၂၅၀ ၏ ပင်စင်လစာငွေများ ထုတ်ပေး

 

ရေး စက်တင်ဘာ ၂၁

 

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက် ၇ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ရပ်ကွက်/ကျေးရွာများအလိုက် သတ်မှတ်ရက်များအတိုင်း လစဉ် ၂၁ ရက်မှ လကုန်ရက်အထိ ပင်စင်များ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အငြိမ်းစားဝန်ထမ်း (၇၅) ဦးအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးပြီး လစဉ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၂၅၀ ၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)