ရေး ဇူလိုင် ၁၆

 

မွန်ပြည်နယ် ရေးမြို့နယ်တွင် သစ်တောဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။

 

ဟောပြောပွဲတွင် ရေးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးရွှေနိုင်က သစ်တော၊ သစ်ပင်များ၏ ဂေဟစနစ်ပျက်စီးပြုန်းတီးမှု မဖြစ်ပေါ်စေရန် ထိန်းသိမ်းရမည့်အချက်များကို ဟောပြောပေးပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည့်အချက်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ