ရေးမြို့နယ်တွင် နိုင်ငံတော်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဆုရ ကျောင်းသားအား ဂုဏ်ပြု

ရေး ၃၁ ဒီဇင်ဘာ

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံပညာအဆင့် မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဒုတိယဆုရရှိခဲ့သော ရေးမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆဋ္ဌမတန်းကျောင်းသား မောင်ညီဟိန်းဇော်အား ယမန်နေ့ ညနေ ၅ နာရီက ရေးမြို့အဝင်မှ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 

 

အဆိုပါ ကြိုဆိုပွဲတွင် မြို့နယ်တာဝန်ခံပညာရေးမှူး၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရပ်မိရပ်ဖ မိဘပြည်သူများက ကြိုဆိုခဲ့ကြသည်။

 

 

မြို့နယ်ဂုဏ်ဆောင် မောင်ညီဟိန်းဇော်သည် ၂၀၁၇-၁၀၈ ပညာသင်နှစ်တွင် နိုင်ငံတော်အဆင့် အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲ(ဗဟို)တွင် ပထမဆုရရှိခဲ့သည့် ထူးချွန်ကျောင်းသား တစ်ဦးဖြစ်ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)