ရေး ၂၁ မေ
မွန်ပြည်နယ် ရေးမြို့ ပြည်သူ့အားကစားရုံနှင့် အစင်ကျေးရွာရှိ နေရာနှစ်နေရာတွင် မြန်မာ့ဝူရှူး အဖွဲ့ချုပ်မှ ဝူရှူး ကျူဒိုအားကစားနည်းကို တစ်လကြာ လာရောက်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
![ုူျ](https://mdn.gov.mm/sites/default/files/inline-images/received_333107244060598_0.jpeg)
“မျိုးဆက်သစ်လူငယ်တွေ ဝူရှူးနဲ့ ကျူဒိုအားကစားသမားများ ပေါ်ပေါက်လာစေရန်နဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နဲ့ မိမိတို့ကိုယ်တိုင် ကာကွယ်တတ်ရန် ဒီပညာရပ်ကနေ အသုံးချတတ်ရန်အတွက် သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်” ဟု သင်တန်းနည်းပြတစ်ဦးမှ ပြောသည်။
![ငစ](https://mdn.gov.mm/sites/default/files/inline-images/received_395153081083524_0.jpeg)
အဆိုပါ သင်တန်းတွင် ဝူရှူးနှင့် ကျူဒိုအားကစားနည်းအခြေခံများကို နည်းပြများဖြစ်သည့် မြန်မာ့ဝူရှူးနှင့် ရေးမြို့မှ အားကစားမှူးတို့က လက်တွေ့သင်ကြားပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူ သင်တန်းသား စုစုပေါင်း ၁၇၀ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
နေမျိုးထွဋ် (ရေး)
![ငူဒ](https://mdn.gov.mm/sites/default/files/inline-images/received_860428740973187_0.jpeg)
![စ](https://mdn.gov.mm/sites/default/files/inline-images/received_2498715240163350_0.jpeg)