ရွှေမန္တလေးအနုပညာမျိုးဆက်သစ်များနှင့် “မိဘကျေးဇူးဆပ်တတ်ကြပါစေ’’  ဗီဒီယိုဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲကျင်းပ

မန္တလေး  ၃၀  ဇွန် 

 

ရွှေမန္တလေးအနုပညာမျိုးဆက်သစ်များနှင့် “မိဘကျေးဇူးဆပ်တတ်ကြပါစေ’’ ဗီဒီယိုဇာတ်ကား စာနယ်ဇင်းမိတ်ဆက်ပွဲကို မန္တလေးမြို့၊ ၈၄ လမ်း၊ ၃၂ × ၃၃ လမ်းကြားရှိ D and G Food Center တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ဒါရိုက်တာစိုးဟိန်း(မန်းတက္ကသိုလ်) က မိတ်ဆက်စကားပြောကြားပြီး မင်းသမီးကြီး ဒေါ်နန်းခင်မွှေး က  “မိဘကျေးဇူးဆပ်တတ်ကြပါစေ’’ ဗီဒီယိုဇာတ်ကားနှင့်ပတ်သက်၍ ရင်တွင်းခံစားချက်များအား ရှင်းလင်းပြောကြားသည်။ထို့နောက် မန္တလေးမြို့ခံစာရေးဆရာကြီးများဖြစ်သော ဆရာဆူးငှက်နှင့် ဆရာသိုက်ထွန်းသက်တို့က မုဒိတာစကားပြောကြားသည်။

 

အဆိုပါ ‘’မိဘကျေးဇူးဆပ်တတ်ကြပါစေ’’ ဗီဒီယိုဇာတ်ကား ကို ဇာတ်လမ်း၊ဇာတ်ညွှန်းနှင့်ဒါရိုက်တာ စိုးဟိန်း(မန်းတက္ကသိုလ်) ၊ အော်စကာရုပ်ရှင်သရုပ်ဆောင်သင်တန်းဆရာ ထူးသာနှင့်ဖိုးတာ မှ ဝန်းရံကာ နန်းခင်မွှေး မှ အဓိကဝန်းရံပြီး ရွှေမန္တလေးအနုပညာမျိုးဆက်သစ်များ သရုပ်ဆောင် ထူးမြတ်မင်း၊မြူခေတ်၊ပိုင်သူ၊ သီဟထက်ဇော်၊နေမင်းသူရ၊ ရွှေအိန္ဒြေထူး၊ ဆုဝင့်ထည်နှင့် ပြည့်ဖြိုးသွယ် တို့ က အဓိကပါဝင် သရုပ်ဆောင်ထားပြီး လာမည့်ဇူလိုင်လတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)