ရေနံချောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ပျက်စီးမှုများဖြစ်ပွား

ရေနံချောင်း  ၂၉   မေ 

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မေ ၂၈ ရက် ည ၇ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၁၈ လုံး အမိုးလန်ခြင်းနှင့် ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

1

 

လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုကွကျေးရွာအုပ်စု ကုက္ကိုကွကျေးရွာ၊ မုန်ကန်ကျေးရွာ၊ ကန်လေးကုန်းကျေးရွာတို့မှ လူနေအိမ် ခုနှစ်လုံးအမိုးလန်ခြင်းနှင့် နေအိမ် ငါးလုံးပြိုကျခြင်း၊ ဘုန့်တော်ကြီးကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးခြင်း၊ ညောင်ပင်အိုင့်ကျေးရွာအုပ်စု အုတ်လှကျေးရွာတွင် နေအိမ်တစ်လုံးအမိုးလန်ခြင်း၊ ရုံးဆိပ်ကျွန်းကျေးရွာအုပ်စု ရုံးဆိပ်ကျွန်းကျေးရွာတွင် နေအိမ်တစ်လုံးပြိုကျခြင်း၊ ရုံးကုန်းကျေးရွာအုပ်စု ရုံးကုန်းကျေးရွာတွင် နေအိမ်နှစ်လုံးအမိုးလန်ခြင်းနှင့် ရွှေတုတ်ကန်ကျေးရွာအုပ်စု မကြီးတိုင်းကျေးရွာတွင် နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့သည်။ 

 

ထို့ပြင် ငွေဘုံသာရပ် လမ်းဦးစီးဌာနရုံးအနီးမှ ဓါတ်တိုင်နှစ်တိုင် ကျိုးကျခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

2


 အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၁၀၄ ဦး လေဘေးသင့်ခဲ့ပြီး လေဘေးသင့်အိမ်ထောင်စုဝင်များ နေထိုင်မှု အခက်အခဲမရှိစေရန်အတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများက ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

 

1

 

ကိုစိုးကြီး