ရေနံချောင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးရန် အရိပ်ရပင် ၄၀ဝ၀ဝ ကျော် ပျိုးထောင်ထား

ရေနံချောင်း ၃၁  မေ 
    

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်လျှော့ချနိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာနက ယခုလာမည့် မိုးရာသီတွင် မြို့နယ်အတွင်း၌ အရိပ်ရပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၄၀ဝဝဝ ကျော် ပျိုးထောင်းထားကြောင်း သိရသည်။
    

မြို့နယ်သစ်တောဦးစီးဌာနမှ ရာသီဥတုနှင့်ကိုက်ညီသော အရိပ်ရအပင်များဖြစ်သည့် ယူကလစ်ပင်၊ ကုက္ကိုပင်၊ တမာပင်၊ ပန်းချယ်ရီပင်နှင့် လျှော်ဖြူပင် စုစုပေါင်းပျိုးပင် ၄၂၁၀ဝ ပင်ကို ပင်းချောင်းပျိုးဥယျာဉ်တွင် ပျိုးထောင်ထားပြီး အဆိုပါအရိပ်ရအပင်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် ကျေးလက်လမ်းဘေးနေရာများ၊ ဌာနဆိုင်ရာရုံးခြံဝန်းများတွင်လည်း ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


ကိုစိုးကြီး

 

1