ရေဖြူမြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်ရွက်လျက်ရှိ

ရေဖြူ ဇူလိုင် ၂၄

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဝေဒနာခံစားနေရသူများ၊ ဖျားနာနေသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ အချိန်မရွေး ရရှိနိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်လျက်ရှိကြောင်း "အာယုဇီဝ" အောက်ဆီဂျင်အဖွဲ့ဥက္ကဋ္ဌ  ဦးခင်မောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ အချိန်ကစပြီး ဆေးရုံမှာတော့ ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုး ခြောက်လုံးနဲ့ အဖွဲ့ပိုင် ၁၀ လီတာဆံ့ ၅၅ လုံးရှိပါတယ်ထားဝယ်မြို့ အာယုဒါန အောက်စီဂျင်အသင်းမှာ တစ်ရက်တစ်ကြိမ် သွားရောက်ယူရပါတယ်၊ တစ်ရက်ကို ၁၅ လုံးနဲ့ ကြား ထည့်ပေးပါတယ်၊ အလှူငွေကို စေတနာအားဖြင့် လှူသလောက်ပဲ အာယုဒါနက လက်ခံပေးပါတယ်။ အောက်ဆီဂျင်အိုးတွေ ရောက်လာတာနဲ့ ကိုဗစ်-၁၉ ရောဂါကုသနေတဲ့ မြို့နယ်ပြည်သူ့ဆေးရုံနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပါတယ်၊၊ ပြည်သူတွေအနေဖြင့်လည်း အောက်ဆီဂျင်အတွက် အလှူငွေ နေ့စဉ်လာရောက် လှူဒါန်းကြပါတယ်။ မည်သူ့ကိုမဆို အခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ်။ လောလောဆယ် မြို့နယ်တွေမှာ လူနာများလာတော့ အောက်ဆီဂျင် အဆက်မပြတ်အောင် ကြိုးစားနေပါတယ်ဟု အာယုဇီဝ အောက်ဆီဂျင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အောက်ဆီဂျင် လုံလောက်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ပြောသည်။

 

ရေဖြုမြို့နယ်အတွင်း ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ  ၁၄၉ ဦးအထိ ရှိနေပြီဖြစ်သော်လည်း အောက်ဆီဂျင်ပြတ်လပ်မှုမရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဖြူဖြူရှိန်