ရေပူစစ်ဆေးရေးအဖွဲ့ အထောက်အထားမဲ့ပိုက်ဆံအိတ်များ ဖမ်းဆီးရမိ

၁၅  ဇန်နဝါရီ

 

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဇန်နဝါရီ ၁၃ ရက်တွင် တားဆီးမှုနှစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၉၅ သန်းတန်ဖိုးရှိ အဝတ်အထည် ၁၃ ထုပ်၊ ပိုက်ဆံအိတ် တစ်ထုပ်၊ ဖိနပ်အိတ် သုံးအိတ်နှင့် Break Shoes ၃၆ ထုပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၆၃ စီး၊ သွင်းကုန် အစီး ၇၁၀၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ်ပို့ကုန် ၁၅ စီး၊ သွင်းကုန် ၁၈၉ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်