ရွှေသောင်ယံမြို့ တိုက်နယ်ဆေးရုံသို့ အလှူရှင်များမှ Oxygen Concentrator သုံးလုံး လာရောက်လှူဒါန်း

ရွှေသောင်ယံ သြဂုတ် ၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ တိုက်နယ်ဆေးရုံသို့ ဩဂုတ် ၆ ရက် ညနေ ၄ နာရီခွဲက အလှူရှင်များမှ Oxygen Concentrator သုံးလုံးကို လာရောက်လှူဒါန်းရာ တိုက်နယ်ဆရာဝန် ဒေါက်တာရဲလင်းတိုးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ Oxygen Concentrator များ လှူဒါန်းရာတွင် ရွှေသောင်ယံမြို့ အမှတ် (၁) ရပ်ကွက်နေ ဦးဇော်မျိုးဝင်း + ဒေါ်တင်မိုးခိုင် မိသားစုမှ တစ်လုံး၊ ရွှေသောင်ယံမြို့ အမှတ် (၃) ရပ်ကွက်ရှိ ရွှေဟိန်းထက်ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်စုတို့မှ တစ်လုံး၊ ရွှေသောင်ယံမြို့ သဲကုန်းအုပ်စု အုန်းချောင်းကျေးရွာအသင်းတော်မှ စင်ကာပူရောက် အသင်းသားသုံးဦးနှင့် အုန်းချောင်းကျေးရွာရှိ အသင်းတော်သားများမှ တစ်လုံး စသည်ဖြင့် တစ်လုံးလျှင်ငွေကျပ် ၁၈ သိန်း ၂ သောင်းဖြင့် စုစုပေါင်းငွေကျပ် ၅၄ သိန်း ၆ သောင်း တန်ဖိုးရှိ Oxygen Concentrator သုံးလုံးကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ကိုကိုမောင်(ပြန်/ဆက်)