ရွှေသောင်ယံမြို့အမှတ်(၂)ရပ်ကွက်တွင် တောဆင်ရိုင်း နင်းသတ်၍ လူတစ်ဦးသေဆုံး

ရွှေသောင်ယံ ၁၂  မတ်  


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂) ရပ်ကွက်အပိုင် သိုက်တူးအရပ်တွင် တောဆင်ရိုင်းနင်းသတ်၍ လူတစ်ဦး သေဆုံးကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခွဲတွင် အမှတ်(၂)ရပ်ကွက်မှ သိုက်တူးအရပ်တွင် သွားရောက်၍ တာစောင့်နေသူ ဦးဆန်းထွေး(၃၈)နှစ် နှင့်တဲနီးချင်းဖြစ်သူ ဦးသန်းမြင့်(၄၆)နှစ်တို့သည်တောဆင်ရိုင်း ဝင်ရောက်နေ ကြောင်း သတင်းကြားသဖြင့် ဦးဆန်းထွေး၏တဲ၌ ညအတူသွားအိပ်ခဲ့ပြီး မနက်စောစော မိမိတဲသို့အပြန် အနီးအနားတွင် တောဆင်ရိုင်းအော်သံကြားသဖြင့် ဦးသန်းမြင့်မှ ဦးဆန်းထွေးတဲသို့ ပြန်ပြေးခဲ့သည်။ ခဏအကြာ ဆင်သံမကြားသဖြင့် ထွက်ကြည့်ရာမှ တောင်ကုန်းထိပ်တွင် တောဆင်ရိုင်းနှင့် ထိပ်တိုက်တွေ့ပြီး ဆင်ရိုင်း လိုက်နင်းသဖြင့် ဦးဆန်းထွေးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဦးသန်းမြင့်မှ လမ်းကွဲတစ်ခုသို့ဝင် ပြေးကာလွတ်မြောက်ခဲ့ကြောင်း တောဆင်ရိုင်းနှင့် ထိပ်တိုက်တွေ့ကာ လွတ်မြောက်လာခဲ့သူ ဦးသန်းမြင့်ထံမှ သိရှိရသည်။


ကိုကိုမောင်(ပြန်/ဆက်)