ရွှေသောင်ယံမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး Talk Show ပြုလုပ်

ရွှေသောင်ယံ ဖေဖော်ဝါရီ ၁၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၁၀ ရက်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး Talk Showကို ပြုလုပ်ဆောင်ရွက်ရာ မြို့လျှပ်စစ်မှူးဦးကျော်မျိုးဦးက လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

 

ထိုသို့လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးပြောကြားရာတွင် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာ၌ သတိထားရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည်ဖြင့် ပြည်သူများ လျှပ်စစ်သုံးစွဲရာ၌ အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို Talk Show အစီအစဉ်တွင် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ Talk Show အစီအစဉ်ကို ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ရွှေသောင်ယံမြို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့လျှပ်စစ်မှူး ဦးကျော်မျိုးဦးတို့က ဦးဆောင်ဆွေးနွေးကာ အသိပညာပေးပြောကြားခဲ့သည်။

 

ရွှေသောင်ယံ (ပြန်/ဆက်)