ရေတာရှည်မြို့နယ်ဆေးရုံတွင် ကုသပေးလျက်ရှိသော ကိုဗစ်-၁၉ လူနာ ခုနစ်ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု

ရေတာရှည် ၁၄ အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ပြည်သူဆေးရုံ၊ သီးသန့်ဆောင်၌ ကုပေးလျက်ရှိသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ယနေ့ မွန်းတည့် ၁၂ နာရီခွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နန္ဒာညီဆွေက ပြောကြားသည်။

ရေတာရှည်ဆေးရုံမှာ လူနာအားလုံး ၇ ယောက်ရှိတယ်။ အမျိုးသား ၅ ယောက်က ရေနီဂိတ်နဲ့ ဆွာတိုးဂိတ်မှာ ပိုးတွေ့တဲ့ ယာဉ်မောင်းနှစ်ယောက်ပါတယ်။ အားလုံး ကျန်းမာရေးအရ တည်ငြိမ်မှုရှိတယ်၊ သက်သာပျောက်ကင်းသွားလို့ ဒီကနေ့ဆင်းခွင့်ပြုလိုက်တာ။ ဆေးရုံက ဆင်းသွားတဲ့အခါ အိမ်မှာ တစ်ပတ် သီးခြားနေဖို့ရယ်၊ မိသားစုအနေနဲ့ လိုက်နာဆောင်ရွက်ရမဲ့ လမ်းညွှန်ချက်တွေကိုပါ စာရွက်နဲ့ထည့်ပေးလိုက်တယ်ဟု ဒေါက်တာ နန္ဒာညီဆွေက ဆက်လက်ပြောကြားသည်။

ကိုလွင်(ဆွာ)