​ရေတာရှည်မြို့နယ်၌ စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ဌာန​ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရေတာရှည်   ဖေ​ဖော်ဝါရီ  

 

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွကို ဖေဖော်ဝါရီ ၁ ရက်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက  အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအတွက် ပြိုင်ပွဲဝင်​ဘောလုံးများ ပေးအပ်သည်။ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအဖြစ် မီးသတ်​ဘောလုံးအသင်းနှင့် ပညာ​ရေး​ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြပြီး  ဖေဖော်ဝါရီ ၁ ရက်မှ ၁၁ ရက်အထိ ဘောလုံးအသင်း ခြောက်သင်းတို့က ယှဉ်ပြိုင်ကစားကြမည် ဖြစ်​ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)