ရွှေတောင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ဆန်/ဆီစက်နှင့် အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ရွှေတောင် ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ယနေ့နံနက်ပိုင်းက ဆန်/ ဆီစက်နှင့်အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အဖွဲ့များက ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်ရှိ သရဖူဆန်စက်၊ K ဝိုင်းဆန်စက်၊ ဦးဇော်မင်းထွန်းဆီဆိုင်၊ ယွန်းတန်းရပ်ကွက်ရှိ MK ဆီဆိုင်၊ K ဝိုင်းဆီစက်များသို့ ကွင်းဆင်းစစ်ဆေး၍ စားအုန်းဆီများအား နိုင်ငံတော်မှ သက်မှတ်ပေးထားသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် ဆန်များ အများပြည်သူများသို့ ရောင်းချခြင်းမပြုဘဲ သိုလှောင်ထားရှိမှု ရှိ/မရှိတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)