ရွှေတောင် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ဒေသခံတောင်သူများအား ဇီဝမီးသွေးမြေဩဇာ ထုတ်လုပ်နည်း လက်တွေ့ပြသခြင်းကို ဒေါင်းဇွန်ကျေးရွာဇရပ်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးအောင်က ဇီဝမီးသွေးမြေဩဇာ ပြုလုပ်ရာတွင် စပါးခွံများအား မဲသွားရုံသာ အပူပေးရမည့် လုပ်နည်းအဆင့်ဆင့်တွင် လိုအပ်သည့် ပစ္စည်းထည့်သွင်း အသုံးပြုရန် နှုန်းထားများ၊ ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ဇီဝမီးသွေး မြေဩဇာပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသခဲ့သည်။
ဇီဝမီးသွေးမြေဩဇာ ပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူ ၇၀ ခန့်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)


